(၁)
|
ပညာရေးမြှင့်တင်မှု
အကောင်အထည်ဖော်ရေးကော်မတီကို ဖွဲ့စည်းဆောင်ရွက်ရန်
|
(၂)
|
ပညာရှင်များ၏ အကြံဥာဏ်များကို
စုစည်းပြီး ချက်ချင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအစဉ်များနှင့် ရေရှည်
အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအစဉ်များကို ရေးဆွဲဆောင်ရွက်ရန်
|
(၃)
|
ဆောင်ရွက်ရမည့် လုပ်ငန်းများကို
ဦးစားပေးအဆင့် ရွေးချယ်သတ်မှတ်၍ ပြုပြင်ပြောင်းလဲရေးလုပ်ငန်း ဆောင်ရွက်ရန်
|
(၄)
|
ဝန်ထမ်းများကို မှန်မှန်ကန်ကန်
သုံးသပ်အကဲဖြတ်နိုင်ရေးအတွက် ဝန်ထမ်းဆိုင်ရာ အချက်အလက် မှတ်တမ်းများကို စနစ်တကျ
သီးသန့် ထိန်းသိမ်းထားရှိရန်
|
(၅)
|
ဝန်ထမ်းများအား ရာထူးတိုးခြင်း၊
ပြောင်းရွှေ့ခြင်း ပြုလုပ်ရာတွင် ဝန်ထမ်းများ၏ အရည်အသွေး၊ ကြိုးစားအားထုတ်မှု
နှင့် ဆောင်ရွက်မှုရလဒ်ကို အခြေခံ၍ စိစစ် ဆောင်ရွက်သည့်စနစ် ပိုမိုပီပြင်စေရေး
ဆောင်ရွက်ရန်
|
(၆)
|
အဂတိလိုက်စားမှု ပပျောက်ရေးအတွက်
ပိုမိုထိရောက်သော ဆုပေးဒဏ်ပေး စနစ်ကို ထင်သာမြင်သာရှိအောင် ဆက်လက်ဆောင်ရွက်ရန်
|
(၇)
|
ကျောင်းသားများ၏ အသက်အရွယ်နှင့်
ကိုက်ညီသော သင်ရိုးညွှန်းတမ်း၊ သင်ရိုး မာတိကာနှင့် ကျောင်းသုံး ဖတ်စာအုပ်များကို
ပြန်လည်စိစစ်ပြီး ပြဋ္ဌာန်းပေးရန်
|
(၈)
|
ဆောင်ရွက်ရမည့် လုပ်ငန်းအလိုက်
လုပ်ငန်းအဖွဲ့များဖွဲ့ရန်၊ ၎င်းအဖွဲ့များကို သက်ဆိုင်ရာလုပ်ငန်းကဏ္ဍမှ ပုဂ္ဂိုလ်များ
ပြည့်စုံစွာ ပါဝင်သော အထူးတာဝန် ပေးအဖွဲ့ ဖွဲ့စည်း၍ ကြီးကြပ်ဆောင်ရွက်ရန်
|
(၉)
|
ပညာရေးကဏ္ဍ၊ ပညာရေးလုပ်ငန်းများတွင်
ပါဝင်ဆက်စပ် ဆောင်ရွက်လျက်ရှိသော ဝန်ကြီးဌာန/ အဖွဲ့အစည်းများအချင်းချင်း
အပြန်အလှန် ညှိနှိုင်း ဆောင်ရွက်ခြင်းများ ပြုလုပ်ရန်
|
(၁ဝ)
|
သက်ဆိုင်ရာ ဒေသအတွင်းရှိ တက္ကသိုလ်
ပညာသင်လိုသူများ၏ လိုအပ်ချက်ကို အခြေခံ၍ တက္ကသိုလ်များ တည်ရှိမှုနှင့်
ပို့ချလျက်ရှိသော သင်ကြားရေးဘာသာရပ် အမျိုးအစားများကို ပြန်လည်ဆန်းစစ်
ပြုပြင်ရန်
|
(၁၁)
|
နိုင်ငံတကာတက္ကသိုလ်များနှင့်
နားလည်မှု သဝဏ်လွှာ၊ သဘောတူညီမှု သဝဏ်လွှာများ ရေးထိုးခြင်းကိစ္စ၊ နိုင်ငံတကာ
တက္ကသိုလ်နှင့် ပညာရေးဆိုင်ရာ အဖွဲ့အစည်းများမှ ဧည့်သည်များ လက်ခံတွေ့ဆုံခြင်း
ကိစ္စအပါအဝင် လုပ်ငန်း လျင်မြန်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် အစိုးရအဖွဲ့
ဆပ်ကော်မတီ (Delivery Unit) သို့ ဆက်သွယ်ဆောင်ရွက်ရန်
|
(၁၂)
|
ပညာရေးဥပဒေရေးဆွဲရာတွင်
သင်ကြားမှုစနစ်၊ အဆင့်၊ အမျိုးအစားအလိုက် ခွဲခြားရေးသားရန်
|
(၁၃)
|
ဝန်ကြီးဌာန အသီးသီးရှိ ကျောင်းများ၏
ညနေကျောင်းအားချိန်များတွင် ဒေသနှင့် လိုက်လျောညီထွေသော အချိန်ပိုင်း သက်မွေး
ပညာသင်တန်း/ လိုအပ်သည့် အသိပညာသင်တန်းများကို ပြည်တွင်း/ ပြည်ပဌာန၊
ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ဥပဒေ လုပ်ထုံး လုပ်နည်းနှင့်အညီ ပူးပေါင်း၍
ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ရန်
|
(၁၄)
|
တက္ကသိုလ်များ အနေဖြင့် နိုင်ငံတော်၏
ဘဏ္ဍာငွေတစ်ခုတည်း အပေါ်တွင် မှီခိုနေမည့်အစား လွတ်လပ်စွာ ရန်ပုံငွေရှာ
သုံးစွဲတာဝန်ခံ ဆောင်ရွက်ခွင့်ရှိသော အခြေအနေကို ဖြစ်နိုင်ခြေရှိသော
တက္ကသိုလ်များ၌ စည်းမျဉ်းစည်းကမ်း ဥပဒေနှင့် အညီ ဆောင်ရွက်ရန်
|
(၁၅)
|
ကျောင်းသား ကျောင်းသူများ၏
စဉ်းစားတွေးခေါ်မှုနှင့် တီထွင်ဖန်တီးမှုစွမ်းရည်ကို ဖွံ့ဖြိုးစေသော သင်ကြား၊
သင်ယူမှုနှင့် စစ်ဆေးအကဲဖြတ်မှု စနစ်ကို တိုးမြှင့် ကျင့်သုံးရန်
|
(၁၆)
|
ပညာရေး ဝန်ထမ်းများ လူမှုဘဝမြှင့်တင်ရေးအတွက်
တိုင်းဒေသကြီး/ပြည်နယ် များရှိ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ရန်
|
(၁၇)
|
လက်ရှိကျင့်သုံးနေသော
စာမေးပွဲစစ်ဆေးမှုစနစ်ကို ပြုပြင်ပြောင်းလဲရန်အတွက် ဆန်းစစ်ရန်
|
(၁၈)
|
အရည်အသွေး အာမခံချက်ရှိသော
ပညာရေးစနစ်ကို ဖော်ဆောင်ရန်
|
(၁၉)
|
အမျိုးသားအဆင့် အရည်အသွေး
သတ်မှတ်ရေး မူဘောင် (National Qualifi- cation Framework- NQF) ကို ပီပီပြင်ပြင်
ဖော်ဆောင်ရန်၊
|
- Welcome
- မြန်မာနိုင်ငံ
- နိုင်ငံတကာ