စတင်ဖွဲ့စည်းသည့်ရက်
- ၁၉၄၅ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်
အဖွဲ့ဝင်နိုင်ငံများ
- ၁၉၃ နိုင်ငံ
မြန်မာနိုင်ငံပါဝင်မှု
- ၁၉-၄-၁၉၄၈ တွင် အဖွဲ့ဝင်ဖြစ်လာခဲ့သည်။
- ၁၉၆၁ မှ ၁၉၇၁ အထိ မြန်မာနိုင်ငံသား ဦးသန့်သည် အတွင်းရေးမှူးးချုပ် တာဝန်ထမ်းဆောင်ခဲ့သည်။
အဖွဲ့အကြောင်း
အကျဉ်း
၁၉၄၅ ခုနှစ် အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့တွင် နိုင်ငံပေါင်း
၅ နိုင်ငံမှ ကိုယ်စားလှယ်များ ပဋိညာဉ်စာချုပ်ကို သဘောတူ လက်မှတ်ရေးထိုးခဲ့ကာ
အောက်တိုဘာ ၂၄ တွင် ထပ်မံအတည်ပြုခြင်းဖြင့် ကုလသမဂ္ဂအဖွဲ့အဖြစ် တရားဝင်
ပေါ်ပေါက်လာခဲ့သည်။
အဖွဲ့၏ ရည်ရွယ်ချက်
အဖွဲ့၏ ရည်ရွယ်ချက်
- တစ်ကမ္ဘာလုံးတွင် ငြိမ်းချမ်းရေး ထိန်းသိမ်းရန်၊
- နိုင်ငံအချင်းချင်း ရင်းနှီးချစ်ကြည်စွာ ပေါင်းသင်းဆက်ဆံမှုများ တိုးတက်ဖြစ်ပွားစေရန်၊
- လူများအား နေထိုင်မှုအဆင့်အတန်း ပိုမိုကောင်းမွန်စေ၍ ဆင်းရဲခြင်း၊ ရောဂါဖြစ်ပွားခြင်း၊ စာမတတ်ခြင်းတို့ကို ကမ္ဘာပေါ်မှ ပပျောက်စေရန်၊ လူ့ပတ်ဝန်းကျင် ပျက်စီးမှုကို ရပ်တန့်စေရန်နှင့် လူအချင်းချင်း၏ ရပိုင်ခွင့်နှင့် လွတ်လပ်ခွင့်များကို အပြန်အလှန် အရေးထားလေးစားရေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်ကြစေရန်၊
- နိုင်ငံများအား ထိုရည်မှန်းချက်များ ပေါက်ရေစေရန် ကူညီပံ့ပိုးသော ဗဟိုဌာနဖြစ်စေရန်၊
အထွေထွေအတွင်းရေးမှူးးချုပ်များ
စဉ်
|
အမည်
|
ကာလ
|
နိုင်ငံ
|
|
Gladwyn
Jebb
|
၂၄-၁၀-၁၉၄၅
မှ ၀၁-၀၂-၁၉၄၆
|
ယူနိုက်တက်ကင်းဒမ်း
|
ယာယီ
|
|
၁
|
Trygve
Lie
ထရီဗလီ |
၀၂-၀၂-၁၉၄၆
မှ ၁၀-၁၁-၁၉၅၂
|
နော်ဝေ
|
|
၂
|
Dag
Hammarskjold
ဒက်ဟမ္မားရှိုး |
၁၀-၀၄-၁၉၅၃
မှ ၁၈-၀၉-၁၉၆၁
|
ဆွီဒင်
|
|
၃
|
U
Thant
ဦးသန့် |
၃၀-၁၁-၁၉၆၁
မှ ၃၁-၁၂-၁၉၇၁
|
မြန်မာ
|
|
၎
|
Kurt
Waldheim
ကွတ်ဝါးလ်ဟိုင်း |
၀၁-၀၁-၁၉၇၂
မှ ၃၁-၁၂-၁၉၈၁
|
သြစတြီးယား
|
|
၅
|
Javier
Perez de Cuellar
ဂျက်ဗီယာ ပဲရက်စ်ဒေကွေးလျား |
၀၁-၀၁-၁၉၈၂
မှ ၃၁-၁၂-၁၉၉၁
|
ပီရူး
|
|
၆
|
Boutros
Boutros-Ghali
ဘူထရို့ ဘူထရို့ဂါလီ |
၀၁-၀၁-၁၉၉၂
မှ ၃၁-၁၂-၁၉၉၆
|
အီဂျစ်
|
|
၇
|
Kofi
Annan
ကိုဖီအာနန် |
၀၁-၀၁-၁၉၉၇
မှ ၃၁-၁၂-၂၀၀၆
|
ဂါနာ
|
|
၈
|
Ban
Ki-moon
ဘမ်ကီမွန်း |
၀၁-၀၁-၂၀၀၇
မှ ယနေ့အထိ
|
တောင်ကိုရီးယား
|
ပင်မအဖွဲ့အစည်း ၆ ခု
- အထွေထွေညီလာခံ
- လုံခြုံရေးကောင်စီ
- စီးပွားရေးနှင့် လူမှုရေးကောင်စီ
- လွတ်လပ်ရေးမရရှိသေးသော ဒေသများ ထိန်းသိမ်းရေးကော်မတီ
- အပြည်ပြည်ဆိုင်ရာ တရားရုံး
- အထွေထွေအတွင်းရေးမှူးချုပ်ရုံး
ဗီတိုအာဏာရှိသည့် နိုင်ငံများ
- တရုတ်
- ပြင်သစ်
- ရုရှား
- ဗြိတိန်
- အမေရိကန်