World Trade Organization (WTO)

စတင်ဖွဲ့စည်းသည့်ရက်

  • ၁၉၉၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့

အဖွဲ့အကြောင်း အကျဉ်း

၁၉၄၈ ခုနှစ်တွင် ကောက်ခံသည့် အခွန်အကောက်များနှင့် ကုန်သွယ်ရေးဆိုင်ရာ အထွေထွေသဘောတူညီချက် (General Agreement on Tariff and Trade - GATT)အရ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ဌာနချုပ်မှာ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် တည်ရှိသည်။ အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်၍ တစ်ခုတည်းသော ကမ္ဘာလုံးဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းဖြစ်သည်။ ကုန်စည်ဝန်ဆောင်မှုနှင့် ထုတ်လုပ်သူများ၊ ပို့ကုန်လုပ်ငန်းရှင်များနှင့် သွင်းကုန်လုပ်ငန်းရှင်များကို ကူညီရန်ဖြစ်သည်။