- ၁၉၄၈ ခုနှစ်၊ ဧပြီလ ၇ ရက်
အဖွဲ့အကြောင်း အကျဉ်း
ကုလသမဂ္ဂ၏ အထူးအေဂျင်စီ အဖွဲ့အစည်းဖြစ်သည်။ ၁၉၄၆ ခုနှစ်၊ ဇူလိုင် ၂၂ ရက်နေ့တွင် ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကောင်စီမှ ကြီးမှူးကျင်းပသော နိုင်ငံတကာကျန်းမာရေး ညီလာခံမှ WHO ဖွဲ့စည်းပုံအခြေခံဥပဒေကို ချမှတ်အတည်ပြုပေးခဲ့သည်။
ဌာနချုပ်မှာ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် တည်ရှိသည်။ ယင်းမြို့တွင် နှစ်စဉ် ညီလာခံအား ကျင်းပပြုလုပ်သည်။ နှစ်စဉ် ဧပြီလ ၇ ရက်နေ့ကို ကမ္ဘာ့ကျန်းမာရေးနေ့အဖြစ် တရားဝင်သတ်မှတ်ထားရှိသည်။